ကိုယ်အထင် သူ့အထင်ဆိုတာလေ......အမှန်ဖြစ်ဖို့ နဲတယ်။
အထင်ဟာ အထင်ပါဘဲ။
လူတိုင်း လိုလို ရဲ့ ဘဝမာ အထင်သေး ခံရတာတွေ  အထင်ကြီးခံရတာ တွေ  အထင်လွှဲခံရတာ တွေ အထင်မှားခံရတာတွေ အမျိုးမျိုး ကြုံရတတ်ပါတယ်။
အထင်ပေါ်မာ ဆင်ခြင်နိုင်တော့ အသွင်နဲ့ အမြင်မာ မတော်တာတွေ မပေါ်တော့ဘူး။
                                   ymt//
အထင်ဟာ အထင်ပါဘဲ။
လူတိုင်း လိုလို ရဲ့ ဘဝမာ အထင်သေး ခံရတာတွေ  အထင်ကြီးခံရတာ တွေ  အထင်လွှဲခံရတာ တွေ အထင်မှားခံရတာတွေ အမျိူးမျိူး ကြုံရတတ်ပါတယ်။
အဲလို ကြုံလာပီဆိုရင်  ကျွန်တော်/ကျွန်မ တို့အများစု ဟာ အထင်ကြီးခံရတော့ မာန တွေကြီးလာတယ်။အထင်သေးခံရတော့ အားတွေ ငယ်လာတယ်။အထင်လွှဲခံရတော့ လိုက်ပီ ဖြေရှင်းနေရတယ်။အထင်မှားခံရတော့ လမ်းမှားတွေ လျှောက်မိတယ်။
သူတပါးက ကိုယ်ကို ထင်တဲ့ အထင် ကိုယ်က သူတပါးကို ထင်တဲ့ အထင် နှစ်ခုလုံးဟာ တကယ်တော့  အထင်ဖြစ်တဲ့အတွက် မှန်ဖို့နဲတယ်။ အထင်နောက်မာ လိုက်ခံ စားရင် တခါတလေ ကျွန်တော်/ကျွန်မတို့ဟာ ကိုယ်မာ ရှိနေတာလေတွေတောင် ဆုံးရှုံး ရတယ်။
 အထင်ဆိုတာ အထင်ပါဘဲ။ဘာမပြောင်းလဲပါဘူး။သူတပါးရဲ့  အထင်အတွေနောက်လိုက်ခံစားရင် ကိုယ်ဘဝရဲ့ လှပမှု နဲ့ ရိုးသားမှု ကိုမပြောင်းလဲပါနဲ့။အမှန်မဟုတ်တာတွေ လိုက်ခံစားရင် သူအထင်နဲ့ ကိုယ်ရှုံး ဖြစ်နေတတ်ပါတယ်။
အထင်ပေါ်မာ ဆင်ခြင်နိုင်တော့ အသွင်နဲ့ အမြင်မာ မတော်တာတွေ မပေါ်တောတဘ
                                       ymt//
Comments