ကိုယ်အထင် သူ့အထင်ဆိုတာလေ......အမှန်ဖြစ်ဖို့ နဲတယ်။
အထင်ဟာ အထင်ပါဘဲ။ လူတိုင်း လိုလို ရဲ့ ဘဝမာ အထင်သေး ခံရတာတွေ အထင်ကြီးခံရတာ တွေ အထင်လွှဲခံရတာ တွေ အထင်မှားခံရတာတွေ အမျိုးမျိုး ကြုံရတတ်ပါတယ်။ အဲလို ကြုံလာပီဆိုရင် ကျွန်တော်/ကျွန်မ တို့အများစု ဟာ အထင်ကြီးခံရတော့ မာန တွေကြီးလာတယ်။အထင်သေးခံရတော့ အားတွေ ငယ်လာတယ်။အထင်လွှဲခံရတော့ လိုက်ပီ ဖြေရှင်းနေရတယ်။အထင်မှားခံရတော့ လမ်းမှားတွေ လျှောက်မိတယ်။ သူတပါးက ကိုယ်ကို ထင်တဲ့ အထင် ကိုယ်က သူတပါးကို ထင်တဲ့ အထင် နှစ်ခုလုံးဟာ တကယ်တော့ အထင်ဖြစ်တဲ့အတွက် မှန်ဖို့နဲတယ်။ အထင်နောက်မာ လိုက်ခံ စားရင် တခါတလေ ကျွန်တော်/ကျွန်မတို့ဟာ ကိုယ်မာ ရှိနေတာလေတွေတောင် ဆုံးရှုံး ရတယ်။ အထင်ဆိုတာ အထင်ပါဘဲ။ဘာမပြောင်းလဲပါဘူး။သူတပါးရဲ့ အထင်အတွေနောက်လိုက်ခံစားရင် ကိုယ်ဘဝရဲ့ လှပမှု နဲ့ ရိုးသားမှု ကိုမပြောင်းလဲပါနဲ့။အမှန်မဟုတ်တာတွေ လိုက်ခံစားရင် သူအထင်နဲ့ ကိုယ်ရှုံး ဖြစ်နေတတ်ပါတယ်။ အထင်ပေါ်မာ ဆင်ခြင်နိုင်တော့ အသွင်နဲ့ အမြင်မာ မတော်တာတွေ မပေါ်တော့ဘူး။ ymt// အထင်ဟာ အထင်ပ...